တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

သန်းရွှေတို့အဖွဲ.အတွက်ယမမင်းထံခံစစ်ဆေးသံပေါက်

နိုဝင်ဘာလ၊၆ ရက်နေ့၊၂၀၀၇။

့မေး။ အိုကွယ်ယောင်္ကျား၊လူပြည်သား၊ဘာများလုပ်ခဲ့သလဲ၊
ဖြေ။ ရဟန်းသံဃာ၊လူကျောင်းသား၊အများကြီးသတ်ခဲ့တယ်၊

မေး။ ရဟန်းသံဃာ၊လူကျောင်းသား၊ဘာကြောင့်သတ်ခဲ့သလဲ၊
ဖြေ။ တိုင်းပြည်အုပ်ချုပ်၊မင်းလုပ်မှာ၊အာဏာရုးလို.သတ်ခဲ့တယ်၊

မေး။ မင်းတို.ပြည်မှာ၊သာသနာ၊မထွန်းကားဘူလားကွယ်၊
ဖြေ။ ကျွှန်နော့်ပြည်မှာ၊သာသနာ၊ထွန်းကားလှပါတယ်၊

မေး။ ဗုဗ္ဗဇိတ၊ဒုလ္လဘ၊မရခဲ့ဘူလားကွယ်၊
ဖြေ။ ဗုဗ္ဗဇိတ၊ဒုလ္လဘ၊ကျွှန်တော်ရခဲ့တယ်၊

မေး။ ဗုဒ္ဓတရား၊မင်းဆရာ၊မဟောဘူလားကွယ်၊
ဖြေ။ ကျနော့်ဆရာ၊ဟောပြရှာ၊အနာမှမ၀င်ဘဲ၊

မေး။ လူသတ်တရား၊ဘယ်ဆရာ၊ဟောကြားခဲ့သလဲကွယ်၊
ဖြေ။ဇောတိပါလ၊နာမည်ရ၊ကြခတ်ဝိုင်းဆရာဘဲ၊

မေး။ သူ.တရားကို၊နာမည်ဆို၊ဘယ်လိုခေါ်သလဲကွယ်၊
ဖြေ။ သားသုံးသား၊ရှင်းရမှာ၊တရားလို.ခေါ်ပါတယ်၊

မေး။ သားမျိုးသုံးသား၊ဆိုရာမှာ၊ဘာသားများဖြစ်သလဲ၊
ဖြေ။ ကျောင်းသားစစ်သား၊ဗုဒ္ဓသား၊သားသုံးသားလို.ခေါ်ပါတယ်၊

မေး။ ဇောတိပါလ၊ထိုလူက၊မလာရသေဘူလားကွယ်၊
ဖြေ။ သူကနောက်မှာ၊တန်းစီကာ၊လိုက်လာနေတော့တယ်၊

ယမမင်းဆုံးဖြတ်။ မေးခွန်းမဆုံ၊အချိန်ကုန်၊ရင်ခုန်လွန်လှတယ်၊
မင်းအရင်လာ၊မင်းကိုသာ၊ငါတို.စီရင်မယ်၊
မင်းအပြစ်က၊ကြီးမားလှ၊အိုးထဲဆွဲချမယ်။။။။


(မှတ်ချက်။ သန်းရွှေအစစ်ခံသည့်အပိုင်းတစ်ခုပါ၊သူ.နောက်သားများအစစ်ခံသည့်အပိုင်းမပါသေပါ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: