တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

တိုင်းရင်းသားအသံ
ဦးအေးသာအောင် အပါအ၀င် ရခိုင်ခေါင်းဆောင်များ၏ ရခိုင်ပြည်နယ်နေ့ အပေါ် သဘောထား အမြင်များ

12/15/2009 နိရဉ္စရာသတင်ဌာန

၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၁၅ ရက်နေ့ဟာ ၃၄ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို မဆလ အစိုးရမှ ၁၉၇၄ ခုနှစ်တွင် ပြုလုပ်သော ပြည်လုံးကျွတ် ပြည်သူ့ ဆန္ဒခံယူပွဲက အတည်ပြုပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၉၇၅ ပြည်နယ် ရရှိခဲ့ပါတယ်။ ရခိုင် ပြည်နယ်နေ့နဲ့ ပတ်သက်ပြီး ရခိုင်နိုင်ငံရေး ခေါင်းဆောင်များရဲ့ သဘောထားကို ကိုမောင်အေးက စုစည်းပြီး အောက်ပါအတိုင်း တင်ပြထားပါတယ်။

———————————————————–

(ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင်)

” ပြည်နယ်နေ့ဆိုပေမဲ့ ရခိုင်ပြည်သူတွေ ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့ ပြည်နယ် ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေအတွက် ဘာမှ အကျိုးမရှိတဲ့ အခြေအနေ တခုအောက်မှာ နာမည် တလုံးသာ ရရှိလိုက်တဲ့ ပြည်နယ် ဖြစ်တယ်။ ဖွဲ့စည်းပုံအရ ပြည်နယ် ဆိုပီး ပေးထားပါတယ်။ ရခိုင်ပြည်သူတွေ အုပ်ချုပ်ခွင့်လည်း မရှိ၊ ဆုံးဖြတ် ပိုင်ခွင့်လည်း မရှိပါဘူး။ စစ်တပ်ကသာ အရာရာကို ချယ်လှယ် အုပ်ချုပ်နေပြီး ရခိုင်တွေ အနေနဲ့ ဘာမှ ဆုံးဖြတ်ခွင့် ရှိတဲ့ ပြည်နယ် မဟုတ်ပါဘူး။ ဥပဒေ ပြုပိုင်ခွင့် အပါအ၀င် ရခိုင်ပြည်သူတွေ အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့ ပြည်နယ်သာ ဖြစ်ပါတယ်။ ဒီနေ့ ရခိုင်တွေလို ချင်နေတဲ့ ပြည်နယ်က အုပ်ချုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ဥပဒေ ပြုပိုင်ခွင့် ရှိတဲ့ ပြည်နယ်မျိုး ကိုသာ လိုချင်နေတာ ဖြစ်ပါတယ်။”

———————————————————–

( မင်းပြား အမှတ် ၂ မဲဆန္ဒ နယ်မြေ အနိုင်ရ အမတ် ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(ပြည်ပ) ဥက္ကဌ ဦးထွန်းဝင်း)

“ ဒီဇင်္ဘာလ ၁၅ ရက်နေ့ကို မဆလ အစိုးရက ရခိုင်ပြည်နေ့ဆိုပြီး သတ် မှတ် ပေးခဲ့ပါတယ်။ ဒါကတော့ နာမည်သာရှိပြီး ဘာမှ အဓိပ္ပါယ် မရှိပါဘူး။ မဆလက သတ်မှတ် ပေး ထားတဲ့ ပြည်နယ်နေ့ကို ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က အဓိပ္ပါယ်ပြည့်ဝတဲ့ ပြည် နယ်မဟုတ်ဘူးလို့ သတ်မှတ်သလို အသိမှတ်လည်း မပြုပါဘူး။ တပါတီ အာရှင်စနစ်ရဲ့ ပြည်နယ် သာဖြစ်တယ်။ မဆလ ခေတ်က ရခိုင်ပြည်နယ်ကို တာဝန်ယူခဲ့တဲံ ပြည်နယ်ဥက္ကဌ ပြည်နယ် အတွင်းရေးမှူး ဆိုတဲ့သူတွေကလည်း ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။ စစ်တပ်နဲ့ ဗဟို ချုပ်ကိုင်မှု အောက်မှာ တာဝန် ထမ်းဆောင်နေကြရတဲ့ သူတွေသာဖြစ်ပါတယ်။ ဥပမာအာဖြင့် မြောက်ဦးမြို့က ရခိုင်တမျိုးသားလုံး တန်ဖိုးထားတဲ့ ရှေ့ဟောင်း သကျ မာန်အောင် ဘုရားကို စစ်တပ် တူးဖေါ်ခဲ့ပါတယ်။ ဒါကို ပြည်နယ် ဥက္ကဌကလည်း ဘာမှ မသိသလို ပြည်နယ် အတွင်းရေးမှူးက လည်း ဘာမှ မသိလိုက်ဘူး။ ရခိုင်ပြည်နယ်ထဲမှာ ဗမာ စစ်တပ်က ကိုထင်ရာ ကိုယ်ထလုပ်နေတယ်။ ဒါကို ဘယ်သူမှလည်း တားလို့မရဘူး။ ဥပတွေကလည်း မတားနိုင်ပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်ဆိုတာ အမည်ခံ စက္ကူကျား ပြည် နယ်သာဖြစ်ပြီး ဘာမှ အဓိပ္ပါယ် မရှိတဲ့ ပြည်နယ် ရခိုင်လူမျိုးတွေ အတွက် ဘာဆို ဘာမျှ အာမခံချက် မရှိတဲ့ ပြည်နယ်သာ ဖြစ်ပါတယ်။”

———————————————————–

( ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်း)

“ အမှန်တကယ် အားဖြင့် ရခိုင်ပြည်နယ်လို့ ဆိုပေမယ့် အစစ်အမှန် ရတယ်လို့မထင်ပါဘူး။ အတုအယောင် ရတယ်လို့သာ ခံယူ ထားပါတယ်။ ပြည်နယ် ပေးတယ် ဆိုရင် အဲဒီ ပြည်နယ်ရဲ့ ဥပဒေနဲ့အညီ ပြည်နယ် အုပ်ချုပ်ရေး ဆိုင်ရာ သင်တော်သူ အသီးသီးကို ပြည်နယ်က ပြည်သူတွေရဲ့ ဆန္ဒအရသာ တင်မြှောက်ရမှာ ဖြစ်တယ်။ အခု က စစ်အာဏာရှင် တွေရဲ့ လက်ပါးစေ တွေကသာ အုပ်ချုပ်နေပါတယ်။ ပြည်နယ်ကို အုပ်ချုပ်တဲ့ သူတွေကလည်း ပြည်သူတွေ အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့အတွက် အထက် ဗမာပြည်က နအဖ စစ်အာဏာရှင် အစိုးရရဲ့ ဆန္ဒအရသာ အုပ်ချုပ် နေတာကိုသာ တွေ့နေရပါတယ်။ ရခိုင် ပြည်နယ်က ထွက်တဲ့ သဘာဝ သယံဇာတ တွေကိုလည်း စစ်အာဏာပိုင်တွေက စိတ်တိုင်းကျ ထုတ်ယူ ရောင်းစား နေပါတယ်။ ရခိုင်ပြည်သူတွေက ငတ်မွတ် ခေါင်းပါး နေတယ်။ ရခိုင်ပြည်နယ်လို့ ဆိုပါလျက်နဲ့ ရခိုင်ပြည်သူတွေက ဘာတခုကိုမှ လည်း ဖန်းတီးပိုင်ခွင့် လုပ်ပိုင်ခွင့် မရှိတဲ့ အတွက် ပြည်နယ် တခုရဲ့ အနေအထားနဲ့ မညီညွတ်ဘဲ စစ်အာဏာ ရှင်တွေရဲ့ သဘောထားအတိုင်း တည်ရှိနေတာ ဖြစ်တယ်လို့ မြင်ပါတယ်။”

———————————————————–

(ရခိုင်ပြည်လုံး ဆိုင်ရာကျောင်းသားနှင့်လူငယ်များ အစည်း အရုံးမှ အထွေထွေ အတွင်းရေးမှူး ကိုအောင်မင်းဦး)

ဒီနေ့ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ဟာ ရခိုင်တမျိုးသားလုံး လိုလား တောင့်တနေတဲ့ ပြည် နယ်နေ့ မဟုတ်ပါဘူး၊ မဆလ ပါတီက ပေးတဲ့ ပြည်နယ်နေ့သာ ဖြစ်တယ်။ ဒီနေ့ကိုရခိုင် ပြည် နေ့အဖြစ် အသိအမှတ်ပြုဖို့ အတွက် ရခိုင်ပြည်သူတွေ ဘယ်လောက်ထိ ထောက်ခံတယ်။ ထောက်မခံဘူး ဆိုတဲ့ အပေါ်မှာ မူတည် ပါတယ်။ ပြည်သူက လက်မခံတဲ့ ပြည်နယ်နေ့ကို ကျွန်တော်တို့ အနေနဲ့ လည်း လက်မခံနိုင်ဘူး။ အထူးသဖြင့် ဗမာပြည် အပြောင်းလွဲ ဖြစ်ပြီးမှ ရခိုင်ပြည်သူတွေကို စစ်တမ်းကောက်ပြီးမှ ပြည်နယ်နေ့ကို သတ်မှတ် သင့်ပါတယ်။”

———————————————————–

(ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ဦး အောင်သိန်းနိုင်)

“ ပြည်နယ်နေ့ဆိုတဲ့ နေရာမှာ ရခိုင်ပြည်သူတွေ အတွက် မည်သည့် အကျိုးစီးပွားကိုမှ လုပ်ပေး နိုင်းခြင်း မရှိပါ။ ပြည်နယ် ဆိုပြီးတော့ သတ်မှတ်ထားတာ တခုဘဲရှိတယ်။ ပြည်နယ် အစိုးရ အပိုင်းနဲ့ ရခိုင်ပြည်ရဲ့ အကျိုးစီးပွားကို ကြပ်ကြပ် မတ်မတ်နဲ့ လုပ်ပေးနိုင်တာ ဘာမှမရှိပါ။ တဘက် ကလှည့်ပြီး သူတို့ရဲ့ သြဇာအာဏာ အောက်မှာ သူတို့လိုချင်သလို သူတို့ရဲ့ ဖိနှိပ်အောက်မှာ ဟန်ဆောင်ပြီး လုပ်နေရတာသာ ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆို တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား ပေါင်းစုံကို ပြည်နယ် အနေနဲ့ သတ်မှတ် ထားပေမယ့် အနှစ်သာရ လုံးဝ မရှိဘဲ ဖြစ်နေတယ်။ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် ပေးထားတယ် ဆိုပြီး နိုင်ငံ တကာကို ညာနေတာသာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီပြည်နယ်နေ့ဟာ ရခိုင်ပြည်သူတွေအတွက် အဓိပ္ပါယ်မရှိတဲ့ အပြင် ဟန်ဆောင်ပြီး အတုအယောင် လုပ်ထားတဲ့ ပြည်နယ်နေ့ အဖြစ် ကျွန်တော် အနေနဲ့ ခံယူပါတယ်။”

———————————————————–

(ရခိုင်အမျိုးသားကောင်စီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးခိုင်ပန်း အောင်)

“ ဒီ ပြည်နယ်နေ့က မဆလ အစိုးရက အတင်း အဓမ္မ အသိအမှတ် ပြုထားတဲ့ ပြည်နယ်နေ့ ဖြစ်ပါတယ်။ ရခိုင်တမျိုး သားလုံးက လိုလိုလားလား ဖြစ်ချင်နေတဲ့ ပြည်နယ်နေ့မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ရခိုင် ပြည်သူတွေ အကျိုးရှိမဲ့ ဥပဒေတွေကို ပြဌာန်းပြီး အာမခံချက် ပေးမထားတဲ့ အတွက် ဖြစ်ပါတယ်။ စစ်တပ်က သူတို့ အာဏာ လက်မလွတ်ရ အောင် အုပ်ချုပ်ဖို့ အတွက် ပြဌာန်း လိုက်တဲ့ ပြည်နယ်နေ့သာ ဖြစ်တယ်။ ဒါကြောင့် ပြည်နယ် ရလာပေမယ့် ရခိုင် တမျိုးသားလုံး အတွက် ဘာမှ အကျိုးရှိတာကို မတွေ့ရပါဘူး။ ၂၀၀၈ ခုနှစ် မေလအတွင်းက နအဖ စစ်အစိုးရက အားသုံးပြီး အတည်ပြုထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့ ၂၀၁ ၀ ခုနှစ် ရွှေးကောက်ပွဲ အပီး ရခိုင်ပြည်နယ်ကို ၀န်ကြီးချုပ် စနစ်နဲ့ သွားသွား၊ ဘယ်လို အုပ်ချုပ်ရေး ပုံစံသစ်တွေကို ချမှတ် ချမှတ် ရခိုင်ပြည်သူတွေကို အကျိုး ရှိအောင် လုပ်နိုင်မှာ မဟုတ်ဆိုတာကို ကျနော် အာမခံပီး ပြောနိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ရခိုင်ပြည်နယ်ကို စစ်တပ်ကသာ ဆက်လက် အုပ်ချုပ် နေချင်တာကြောင့် ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေက ဆက်လက် နစ်နာနေကြရဦးမှာ ဖြစ်တယ်။”

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: