တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

တိုင်းရင်းသားအသံ
Wednesday, September 15, 2010

သမိုင်းမှာ ဘယ်လိုတန်ဖိုးတွေနဲ့ ကျန်ရစ်ကြမလဲ

#fullpost { display: none; }

အက်ဆစ် (ဒေါက်တာလွဏ်ဆွေးဘလောက်မှရယူသည်)

စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးစီမံကိန်းကို တဆင့်ပြီးတဆင့် အ ကောင်အထည်ဖော်ရင်း သူ့အလုပ်ကိုသူလုပ်နေချိန်မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကြားမှာတော့ ကိုယ့် အတွက် အတိုင်းအတာတခုသာ ကျန်တော့တဲ့ အချိန်ကာလအတွင်း ပြင်ဆင်မှု၊ လက်ဦးမှုရယူမှု၊ လူထုကို ကူ ညီကယ်တင်နိုင်မှု … စတဲ့အချက်တွေမှာ ယောင်ဝါးနေကြဆဲဖြစ်သလို စစ်အုပ်စု ချပေးတဲ့ လမ်းကြောင်းတွေ နောက်လိုက်ရင်း “သူ့ကိုတွန်းရင်း ငါတက်” စနစ်နဲ့ ချီတက်နေကြတာကို တွေ့နေရဆဲပါ။

ပြည်သူလူထုက တခဲနက် ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီအနေနဲ့ အနှစ် (၂၀) အ တွင်း ဘာများလုပ်လေမလဲလို့ စောင့်နေကြသူတွေလည်း စိတ်မရှည်နိုင်ကြတော့ပါဘူး။ အားမလိုအားမရမှုနဲ့ ဝေဖန်ပြန်တော့လည်း အန်အယ်လ်ဒီကို မထိနဲ့၊ အန်အယ်လယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် အ မှန်တရားဖြစ်တယ်လို့ ယူဆနေသူတွေက ခပ်များများဖြစ်လေတော့ ဝေဖန်သူတွေ၊ အကြံပြုသူတွေကို စည်း ၀ိုင်းအပြင်ဘက်ရောက်အောင် တွန်းထုတ်ကြတာ မြန်မာရိုးရာဓလေ့ထုံးစံကြီးလို ဖြစ်လာပါတယ်။

အခုကော ဘာများတတ်နိုင်ပါသလဲ၊ အန်အယ်လ်ဒီကို ဖျက်သိမ်းလိုက်ပြီတဲ့။ ကော်မရှင်ကို တရားရုံးတိုင်လို့ရ တာလည်းမဟုတ်။ အာဏာရှင်ကို သူတော်စင်လို ၀တ်ဖြူစင်ကြယ်ဝတ်ပြီး ပုတီးပြ ပြောဆိုနေလို့ ရတာမှ မ ဟုတ်တာ။ အာဏာရှင်က သူ့အလုပ်ကိုသူ ဆက်တိုက်လုပ်တယ်။ ဥပဒေမဲ့ အာဏာသိမ်းထားတဲ့ စစ်အာဏာ ရှင်ကို လူကြီးလူကောင်းဆန်ဆန် ဥပဒေအကြောင်းတွေကို ပြောဆိုနေတာတွေက ခွေးကို ရေခဲမုန့်ကျွေးရင်း အချိန်ဖြုန်းသလိုပဲ ဖြစ်နေမှာပေါ့။ ဘာပဲကျွေးကျွေး စားကောင်းနေတာပဲ၊ နည်းနည်းလေး အေးတာကလွဲရင်။

“မေတ္တာရပ်ခံရုံ၊ စိတ်မကောင်းဖြစ်ရုံ၊ ကြေညာချက်ထုတ်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာ အနိုင်ရတဲ့ ပါတီကြီးက ခေါင်းဆောင်အနေနဲ့ ရဲရဲတင်းတင်း အစိုးရဖွဲ့လိုက်ပါ။ ရဲရဲတင်းတင်း ဦးဆောင်လိုက်ပါ။ ခေါင်းဆောင်လို့ အမည်ခံထားရင် ခေါင်းဆောင်တွေ လုပ်သင့်တာကို လုပ်လိုက်ပါ။ အနှစ် (၂၀) ဆိုတဲ့ကာလရောက်တဲ့အထိ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ နောင်ဆိုရင် တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် (၅၄) ဟာ နတ်ကွန်းလေးတခု ဖြစ်လာမှာဖြစ်ပြီး လူအများ အမွေးတိုင်ထွန်း ပူဇော်တဲ့ ကိုးကွယ်ရာ ရုပ်ထုတခုထားရာနေရာအဖြစ်ပဲ သမိုင်းမှာ ကျန်ရစ်ပါလိမ့်မယ်”


အဲဒီလို ဘာမှမမှုတဲ့ အသိဉာဏ်မဲ့သူတွေကို တရားရေအေး တိုက်ကျွေးနေတာက အနုနည်းနဲ့ တိုက်ပွဲဝင်နေ တာလို့ မဆိုနိုင်ပါဘူး။ ကမ္ဘာတ၀ှမ်းက အကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲဝင်တယ်ဆိုသူတွေရဲ့ ရာဇ၀င်ကို ပြန် ကြည့်ပါ။ သူတိုအားလုံးက ပြည်သူအတွက် ကြေညာချက်တွေပဲ ထုတ်နေတာမဟုတ်ဘူး။ စဉ်းစားနေတယ်၊ တွေးခေါ်နေတယ်၊ နိုင်ငံရေးကစားကွက်တွေကို ကြည့်တယ်၊ လူထုကို ယုံကြည်တယ်၊ လူထုကို ရှေ့က ဦး ဆောင်တယ်။ ပန်းကုံးစွပ် လက်ခုပ်တီးတာကိုပဲ ကျေနပ်နေတာမဟုတ်ဘူး။ တိုက်ပွဲကို ဘယ်နေရာက စရမ လဲဆိုတာကိုပဲ စဉ်းစားကြတယ်။ တဘက်ရန်သူရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ်လေ့လာတယ်။ နိုင်ငံရေးပဲဖြစ် ဖြစ် စစ်ရေးပဲဖြစ်ဖြစ် မဟာဗျုဟာ နည်းဗျုဟာချတယ်၊ ကိုယ့်အင်အားကို အကွဲမခံဘူး၊ စုစည်းတယ်၊ စည်းရုံး တယ်၊ အခြေအနေပေးရင် ကိုယ့်ရည်မှန်းချက်ကို မရောက်ရောက်အောင် ချီတက်တယ်။ လူထုအတွက် အာ ဏာကို ရအောင်ယူပေးတယ်။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်ကြတယ်။

အခုတော့ မြန်မာအရေးလုပ်နေသူတွေ ကိုယ်ဘာတွေလုပ်နေသလဲ စဉ်းစားကြပါဦး။ ဘတ်ဂျက်တွေအတွက် လား။ တဦးကို တဦး၊ တဖွဲ့ကို တဖွဲ့ တိုက်ဖို့ ခိုက်ဖို့အတွက်လား။ ဘယ်အစ်ရှူးက တောင်းရမ်းစားသောက်လို့ ကောင်းလေမလဲ၊ သူများနဲ့မတူရအောင် ဘယ်ဂလိုဘယ်လ်ကမ်ပိန်း လုပ်ရလေမလဲ။ သူများနဲ့မတူအောင် ရာ သီစာ မဲပုံးတွေပဲ လုပ်ရလေမလား။ ‘နိုး’ ရင် ကောင်းမလား ‘ပေါင်း’ ရင်ကောင်းမလား။ အထဲပြန်ဝင်ပြီး စော စောစီးစီး အန်ဂျီအိုနေရာကို ၀င်လုပ်လေမလား။ ဒါက ပြည်ပကလူတွေ စဉ်းစားနေတဲ့ကိစ္စတွေ။ ပြည်တွင်းက တော့ အထူးသဖြင့် အန်အယ်လ်ဒီ။ လမ်းပြကြယ် ဦးအေးမြင့် ပြောပြချက်ကို အမှားလို့ ပြောလို့မရဘူး။ သူ လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ဝေဖန်ခွင့်ရှိတယ်။ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို နတ်ဘုရားလို တချိန်လုံး ကိုးကွယ်ပြီး မဝေဖန်ဘဲနေရတော့မလား။

သူတို့လုပ်နေတာအားလုံးက အမှန်တရားတွေလား၊ ပြည်သူတွေအတွက်လား။ အနှစ် (၂၀) သာ ကြာသွားခဲ့ ပြီး ဘာမှဖြစ်မလာခဲ့တာမှာ ကိုယ့်ဘက်က ဘယ်လိုတွေ အမှားမှားအယွင်းယွင်း ဦးဆောင်ခဲ့သလဲဆိုတာကို လည်း မှန်ထဲပြန်ကြည့်ဖို့ လိုမယ်ထင်တယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ သူ ဘာမှမလုပ်ရင်တောင်မှ လူထုက ချစ်နေရတာ။ ဒါ ပေမယ့် သူလည်း မြန်မာပြည်အကြောင်း မသိလို့ဘဲ အာဏာရှင်တွေကို ငြိမ်းချမ်းရေးတရားဟောနေတာလား၊ သူတော်စင်ယောဂီလို လုပ်နေတာလားမသိ။ အခုထိတော့ သူလုပ်နေတာတွေက လူထုတွေအတွက် အကျိုး ဖြစ်ထွန်းမလာသေးတာတော့ သေချာတယ်။

လူထုက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတည်းက တာဝန်ကျေပြီးသွားပြီ။ လူထုက ဘာကိုထပ်ပြီး ထောက် ခံပေးရဦးမှာလဲ။ လူထုက လမ်းပေါ်မှာ သေခြင်းအမျိုးမျိုးနဲ့ သေပေးခဲ့ပြီ။ ဘုန်းကြီးတွေလည်း ဒီလိုပဲ သေခြင်း အမျိုးမျိုး၊ နှိပ်စက်ညှင်းပမ်းခြင်းအဖုံဖုံနဲ့ ပေးဆပ်ပေးခဲ့ရပြီ။ ကျောင်းသားတွေ မျိုးဆက်ပျက်မတတ် ပေးဆပ် ပေးခဲ့ရပြီ။ လူထုလည်း သဘာဝဘေးဒဏ်တွေရဲ့ ဖိစီးနှိပ်စက်မှု၊ အာဏာရှင်စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် ထ မင်းငတ်ရုံမက ရေငတ်တဲ့ ဘ၀ကိုပါ ရောက်ခဲ့ပြီးပြီ။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် မသိရော့လေသလား။ နှိပ်စက်ညှင်းပန်းရေးယန္တရားတွေမှာ သေဆုံးရ၊ ဘ၀ပျက်ရ၊ စိတ်ပိုင်းရုပ်ပိုင်းဝေဒနာတွေ ခံစားနေရတဲ့ နိုင်ငံ ရေးလှုပ်ရှားတက်ကြွသူတွေနဲ့စာရင် အိမ်ထဲမှာ အေးအေးဆေးဆေးနေ၊ ရွေးကောက်ပွဲဥပဒေကို အေးအေး ဆေးဆေးဖတ်ပြီး သတင်းနားထောင်၊ အခြွေအရံတွေနဲ့ နေရတဲ့ဘ၀က အေးချမ်းလှပါတယ်။ တနေတော့ ဒီမို ကရေစီဆိုတာ ရပါလိမ့်မယ်လို့ပဲ တွေးတောနေလေသလား။

မနေ့တနေ့ကပဲ အန်အယ်လ်ဒီကို အားမလိုအားမရုဝေဖန်မိတဲ့ လူ့အခွင့်အရေး ရှေ့နေကြီးတယောက်ကို ကျီး အာသလို ၀ိုင်းအာနေကြတဲ့သူတွေကလည်း အများသားဆိုတော့ သံဝေဂရစရာ။ ပြောချင်တာက ဒေါ်အောင် ဆန်းစုကြည်ဟာ တိုင်းပြည်ကို စစ်အာဏာရှင်အောက်က လွတ်မြောက်စေလိုတဲ့ စေတနာမှန်လျှင် ပါတီကို လည်း ကျစ်လစ်အောင်လုပ်၊ တိကျတဲ့ ညွှန်ကြားချက်တွေကိုလည်း ထုတ်၊ လူထုတိုက်ပွဲတွေမှာ ပါနိုင်ဖို့လည်း တွန်းအားပေးသင့်ပါတယ်။ လူထုကို ဦးဆောင်ဖို့လည်းလိုတယ်။ ပြီးတော့ ကိုယ့်ပါတီဟာ အစိုးရဖွဲ့နိုင်လောက် အောင် လူထုထောက်ခံမှုရပြီးသားပါ။ ၁၉၉၀ ပြည့်နှစ်က ပြည်သူက ရွေးချယ်ပြီးသား ပါတီဆိုတာ ပါးစပ်နဲ့ အရ သာခံနေရုံနဲ့ မပြီးပါ။ အနှစ် (၂၀) ဆိုတာ နည်းတဲ့ကာလမဟုတ်ပါဘူး။ သူများနိုင်ငံတွေမှာ အစိုးရ (၅) ဆက် လောက် အုပ်ချုပ်လို့ရနေတဲ့ကာလပါ။

အချိန်ကာလ ကြာလာတာနဲ့အမျှ လူထုတွေ ပိုနစ်နာလာတယ်၊ ဆင်းရဲမွန်းကျပ်လာတယ်၊ အာဏာရှင်တွေကို အချိန်ပေးသလို ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ညွှန်ကြားမယ်ဆိုရင် သေချင်သေပါစေ အစွမ်း ကုန် လုပ်ပစ်မယ်ဆိုတဲ့ ပါတီဝင်တွေရှိတာက ဒေါ်အောင်ဆန်းစုကြည်အတွက် စွမ်းအားတခုပါ။ ပြီးတော့ မတ ရားတာကို ခံနေရတဲ့ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က ဘာတွေများ အားပေးစကား၊ ကတိစကား တွေ ပေးပြီးပြီိလဲ။ ပြီးတော့ ဘာတွေ ပြောတဲ့အတိုင်း လုပ်ပြပြီးပြီလဲဆိုတာလည်း မိမိကိုယ်ကိုယ် မညှာတမ်း ဆန်းစစ်စေချင်ပါတယ်။ ပြည်သူတွေ လမ်းပေါ်မထွက်ပါနဲ့၊ ပြည်သူတွေ သတ္တိရှိပါ၊ မဟုတ်တာကို မဟုတ်တာ ပြောပါ၊ မမှန်တာကို မမှန်ကြောင်း ထုတ်ဖော်ပါတဲ့။ ရွေးကောက်ပွဲကြီးကို သပိတ်မှောက်ပါ၊ ရွေးကောက်ပွဲကြီး ကို စောင့်ကြည့်ပါ။ မဲရုံတွေက သမာသမတ်မှုမရှိရင် တိုင်ကြားပါ။ ဘီဘီစီက ဘတ်ဂျက်နည်းတဲ့အတွက် စိတ် မကောင်းပါ။ ဘာတွေလဲ၊ ခေါင်းဆောင်တယောက်ရဲ့ ပြောစကားတွေက ဘာတွေလဲ …။

လူထုကို ဘာလုပ်စေချင်တာလဲ၊ ဥပဒေမရှိတဲ့ တိုင်းပြည်မှာ ဘယ်သူ့ကို တိုင်ကြားလို့ရလို့လဲ။ သပိတ်မှောက် ပါဆိုရင် ဘယ်လိုသပိတ်မှောက်ပါတော့ဆိုတာကို ဆက်ညွှန်ကြားပါ။ တောင်စဉ်ရေမရ ဟိုတမျိုး ဒီတမျိုး ဘာ လို့များ ပြောနေရတာလဲ။ အကုန်လုံး လမ်းပေါ်ထွက်ပြီး မိမိဆန္ဒတွေကို ထုတ်ဖော်ကြပါတော့လို့ကော ဘာလို့ မပြောရဲတာလဲ။ နိုင်ငံတကာအနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကိုပဲ အသိအမှတ်ပြုပေးပါလို့ ဘာလို့မ တောင်းဆိုရတာလဲ။ ၉၀ ပြည့်နှစ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရဖွဲ့လိုက်ပါလို့ ဘာလို့မညွှန် ကြားရဲတာလဲ။ စစ်အာဏာရှင်ရဲ့ အငြိုအငြင်မှန်သမျှ မခံချင်တာလား။ ဆုတွေ တဆုပြီးတဆု ယူပြီး ဘ၀ကို ခြံအမှတ် (၅၄) လေးမှာပဲ မြှပ်နှံသွားချင်တာပဲလား။ ကျမ လိမ်လိမ်မာမာလေး နေနေပါတယ်ဆိုတာ ပြချင်လို့ ကတော့ ခေါင်းဆောင်လုပ်လို့ ရမယ်မထင်ပါ။ ကျမ နိုင်ငံရေးလုံးဝမလုပ်တော့ပါဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်ပါ။ အန်အယ်လ်ဒီက လူလေးစားလောက်တဲ့ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့အနေနဲ့လည်း ဒေါ်အောင် ဆန်းစုကြည်ကို ထိုင်စောင့်နေပြီး လူမှုရေးပဲလုပ်တော့မယ်ဆိုတာမျိုး အခုမှ တကျော့ပြန် စည်းရုံးရေးဆင်း၊ အားပေးစကားပြော၊ ရေလိုက်ဝေဆိုတဲ့ အဆင့်တွေကို ကျော်လွှားသင့်ပါပြီ။

ရန်သူစစ်အာဏာရှင်ဟာ အနှစ် (၂၀) အတွင်းမှာ အင်အားကို တည်ဆောက်ခဲ့တယ်။ မတရားတဲ့ နည်းနဲ့ပဲ တည်ဆောက်ဆောက် တည်ဆောက်နိုင်ခဲ့တယ်ဆိုတာ လက်ခံရလိမ့်မယ်။ အန်အယ်လ်ဒီကတော့ အင်အား တွေကို တွန်းထုတ်ခဲ့တယ်၊ တက်ကြွသူမှန်သမျှ ထုတ်ပယ်တယ်။ အခုလည်း အောက်ခြေထုကြောင့် နိုင်ငံတ ကာရဲ့ နိုင်ငံရေးစင်မြင့်ပေါ်မှာ နေရာယူခွင့် အနည်းငယ်လေး ရနေသေးတာဆိုတာ သိသင့်တယ်။ တလျှောက် လုံးလုပ်လာတဲ့ စီအီးစီအခွင့်အရေးသမားကြီးများထက် အောက်ခြေထုက နိုင်ငံရေးအခြေခံအားကောင်းတယ်။ ဦးဝင်းတင်နဲ့ လက်ညိုးထောင်ခေါင်းညိတ်လုပ်နေရတဲ့ ရှေ့နေကြီးများအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ ကောင်းကောင်းဝေဖန်ပြောဆိုသင့်တယ်။ အောက်ခြေထုက ပါတီဝင်တွေကတော့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ဖမ်းဆီးခံ၊ ထောင်ကျခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်ယုံကြည်နေဆဲပဲ။ ခေါင်းဆောင်တဦးဟာ ဘာကြောင့် လူထုတွေနဲ့ တိုက်ပွဲကြားမှာ မရှိရတာလဲ၊ စစ်အာဏာရှင်အမိန့်ကို နာခံနေ ရတာလဲ၊ လူထုတွေ ဘေးဒုက္ခတွေကြုံရလေတိုင်း ထပ်ထူခံစားရမယ်၊ တိုက်ပွဲဝင်ရမယ်။

မေတ္တာရပ်ခံရုံ၊ စိတ်မကောင်းဖြစ်ရုံ၊ ကြေညာချက်ထုတ်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာ အနိုင် ရတဲ့ ပါတီကြီးက ခေါင်းဆောင်အနေနဲ့ ရဲရဲတင်းတင်း အစိုးရဖွဲ့လိုက်ပါ။ ရဲရဲတင်းတင်း ဦးဆောင်လိုက်ပါ။ ခေါင်း ဆောင်လို့ အမည်ခံထားရင် ခေါင်းဆောင်တွေ လုပ်သင့်တာကို လုပ်လိုက်ပါ။ အနှစ် (၂၀) ဆိုတဲ့ကာလရောက် တဲ့အထိ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ နောင်ဆိုရင် တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် (၅၄) ဟာ နတ်ကွန်းလေးတခု ဖြစ်လာမှာဖြစ်ပြီး လူအများ အမွှေးတိုင်ထွန်းပူဇော်တဲ့ ကိုးကွယ်ရာ ရုပ်ထုတခုထားရာ နေရာအဖြစ်ပဲ သမိုင်းမှာ ကျန်ရစ်ပါလိမ့်မယ်။ ။

အက်ဆစ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: