တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

>တိုင်းရင်းသားအသံ

+++နေရာ+++

ဟေ့ လူ!
တဆိတ်လောက် ကူညီဗျာ …

…ကျုပ်ခြံတွေကို မတရားသိမ်း၊ စစ်ဖိနပ်နဲ့ ကန်ပြီး
ဘဝပျက်အောင်လုပ်ခဲ့တဲ့ မကောင်းဆိုးဝါးတွေ
မရှိတော့တဲ့ နေရာ …

ကျုပ်ထမင်း ကျုပ်စားပြီး
ကြီး(ဂျီး)တော်နွားကျောင်းခိုင်းတဲ့ အလုပ်တွေ
တောက်လျှောက် မလုပ်ရတော့တဲ့ နေရာ …

ကောက်ကျစ်တဲ့ ရွာလူကြီးတွေ၊
သောက်ကျင့်တစက်မှ မကောင်းတဲ့ ဝန်ထမ်းတွေ၊
လူရိုက်တတ်တဲ့ ပြည်သူ့စစ်တွေ၊
မီးမသတ်တတ်တဲ့ မီးသတ်တွေ၊
တိုက်ပုံတကားကားနဲ့ ဆန်ကုန်မြေလေး ခွေးခြင်္သေ့တွေ
မတွေ့ရတော့တဲ့ နေရာ …

ပြီးတော့
လူပေါ်လူဇော်လုပ်တတ်တဲ့၊
သမိုင်းအမှန်ကို ပြောင်းပြန်လှန်တတ်တဲ့
ကိုယ့်ငါးချဉ် ကိုယ်အမြဲချဉ်
သွေးနားထင်ရောက်နေတတ်တဲ့
မဟာဝါဒီသောက်ပေါတွေ မရှိတဲ့ နေရာ …

အို ပြောရရင်ဗျာ …
လူ လူချင်း အသိအမှတ်ပြု ဆက်ဆံပြီး
စာနာစိတ်တွေ ချစ်ခြင်းတရားတွေ
မခေါင်းပါးသေးတဲ့၊
လူယဉ်ကျေးတွေ ရှိနေသေးတဲ့ နေရာလေးတခု၊
အဲဒီနေရာလေးများ ဒီဆိုင်းဘုတ်ထဲမှာ ရှိနေရင်
တဆိတ်လောက် ပြောပြပေးပါ
ခင်ဗျားကျေးဇူး ကျုပ်တသက်မမေ့ဘူး …။

AWE MON Facebook မှရယူသည်၊ကျေးဇူးတင်သည်၊
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: